ဘုရားသခင် ကျွန်ုပ်အသက်ကို ကယ်ခဲ့သည်
အေရွန် (အမည်ရင်းမဟုတ်)သည် အသက် ၁၅ နှစ်တွင် “စာတန်နဲ့ ကျွန်တော်က မိတ်ဖက်တွေလို့ ကျွန်တော်ခံစားရတယ်’’ ဟု စာတန်ထံ စတင်ဆုတောင်းခဲ့သည်။ ထိုမှစ၍ အေရွန်သည် လိမ်လည်၊ ခိုးဆိုးလျက် မိသားစုနှင့် မိတ်ဆွေများအပေါ်လည်း ကြိုးကိုင်ခဲ့သည်။ ခြောက်ခြားဖွယ်ညများကိုလည်း သူကြုံခဲ့ရသည်။ “တစ်မနက်မှာ ကျွန်တော်အိပ်ယာက နိုးလာတော့ ကျွန်တော့်ခုတင် ခြေရင်းမှာ နတ်ဆိုးကြီးထိုင်နေတာ တွေ့ခဲ့တယ်’’။ သူက ကျွန်တော့်ကို “မင်းစာမေးပွဲအောင်မယ်၊ ပြီးရင်တော့ မင်းသေရမယ်’’ ဟု ပြောကြောင်း ပြောပြသည်။ သို့သော် စာမေးပွဲ ပြီးသွားသောအခါ သူမသေပါ။ အေရွန်က ပြန်ပြောင်း တွေးရင်း “စာတန်ဟာ မုသာအဘ ဖြစ်ကြောင်း ရှင်းနေတာပဲ’’ ဟုဆိုသည်။
ထို့နောက် မိန်းကလေးများနှင့် တွေ့ဆုံရင်းနှီးနိုင်ရေး ခရစ်ယာန်ပွဲတစ်ခုသို့ အေရွန်သွားခဲ့ရာ ထိုပွဲတွင် လူတစ်ဦးက သူ့ကို ဆုတောင်းပေးမည်ဟု ကမ်းလှမ်းသည်။ “သူ ဆုတောင်းနေတုန်း…
လျှိုမြောင်ချိုင့်ဝှမ်းကိုဖြတ်၍
တရုတ်ပြည်သို့ခိုးဝင်ရန် ကြိုးစားမှုဖြင့် ဟေဝူး(နာမည်မှန်မဟုတ်)သည် မြောက်ကိုရီးယား ရဲဘက်စခန်းတွင် အကျဉ်းကျခဲ့သည်။ ရက်စက်ကြမ်းတမ်းသည့် အစောင့်များက နေ့နေ့ညည နှိပ်စက်ကြကြောင်း၊ ခါးကျိုးမတတ် အလုပ်လုပ်ရကြောင်း၊ ကြွက်များ၊ သန်းများနှင့်ပြည့်သည့် ရေခဲတမျှ အေးသောကြမ်းပြင်တွင် ခဏသာအိပ်စက်ရကြောင်း ပြောပြသည်။ သို့သော် မည်သည့်အကျဉ်းသားနှင့် မိတ်ဆွေ ဖြစ်နိုင်ပြီး သူ့ယုံကြည်ခြင်းကို ဝေမျှနိုင်မည်ကို ပြသပေးခြင်း အပါအဝင် ဘုရားသခင်က သူ့ကိုနေ့တိုင်း ကူညီမစခဲ့သည်။
အကျဉ်းစခန်းမှ လွတ်မြောက်ပြီး တောင်ကိုရီးယား၌ နေထိုင်ရသောအခါ သူထောင်ကျနေခဲ့သည်အချိန်ကို ဟေဝူး ပြန်ဆင်ခြင်ခဲ့ပြီး ဆာလံ ၂၃ က သူ့အတွေ့အကြုံကို အဆုံးအဖြတ် ပေးခဲ့သည်ဟူ၍ ပြောပြသည်။ မဲမှောင်နေ သည့် ချိုင့်ထဲ၌ ပိတ်မိနေသော်လည်း သခင်ယေရှုသည် သူ့အား ငြိမ်သက်ခြင်းကိုပေးသော သိုးထိန်းကြီးဖြစ်သည်။ “ရှင်းရှင်းပြောရရင် ကျွန်မက သေမင်းအရိပ်လွှမ်းမိုးသော ချိုင့်ထဲမှာ ရောက်နေသလို ခံစားရပေမယ့် ကျွန်မ ဘာကိုမှ မကြောက်ပါဘူး။…
တိမ်များနှင့် ဖုံးကွယ်နေခြင်း
လသည် သူဂြိုလ်ပတ်လမ်းကြောင်းပေါ်တွင် ပတ်နေရင်း အနှစ် ၆၀ တွင် တစ်ကြိမ် ကမ္ဘာနှင့် အနီးကပ်ဆုံးနေရာသို့ ရောက်ရှိလာပြီး၊ အခြားအချိန်များထက် ပို၍ကြီးမား ပို၍လင်းသော အင်မတန်မှဖြစ်ခဲလှသော စူပါမွန်းသည် ၂၀၁၆ နိုဝင်ဘာတွင် ဖြစ်ခဲ့ သည်။ ကျွန်မအဖို့တော့ ထိုနေ့တွင် ကောင်းကင်ကြီးမှာ မီးခိုးရောင် လွှမ်းနေသည်။ ထိုဖြစ်ရပ်ဆန်းကြီး၏ဓာတ်ပုံများကို အခြားနေရာများရှိ သူငယ်ချင်းများထံမှလည်း မြင်တွေ့ခဲ့ရသော်လည်း ကောင်းကင်ကိုကြည့်ရင်း ထိုစူပါမွန်းသည် တိမ်များ၏ အနောက်တွင် ကွယ်နေသည်ဟုသာ ယုံကြည်နေခဲ့သည်။
ကောရိနသုမြို့ရှိ အသင်းတော်အား ခက်ခဲသော အချိန်များနှင့် ကြုံတွေ့ရင်ဆိုင်ရသောအခါ မျက်မြင်မရ သော်ငြား ထာဝရတည်သည့် အရာတွင်သာ ယုံကြည်ရန် တမန်တော်ရှင်ပေါလု တိုက်တွန်းလျက် သူတို့၏တဒင်္ဂ ပြဿနာများသည် နိစ္စထာဝရ ဘုန်းအသရေကို ဆောင်ကြဉ်းပေးနိုင်ကြောင်းကို ဖော်ပြခဲ့သည် (၂ကော ၄း၁၇)။ သို့မှသာ မြင်တွေ့နေရသောအရာများအပေါ်တွင် စိတ်စွဲလန်းမနေဘဲ ထာဝရတည်သော မျက်မြင်မရသောအရာများအပေါ်တွင်သာ မျက်မှောက်ပြုနိုင်မည်ဖြစ်သည်…
တစ်စိမ်းတစ်ရံအား ဧည့်ခံကြိုဆိုခြင်း
ဥရောပတိုက်၏ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် မာလ်ဒိုဗာတွင် ကျွန်မ၏ သူငယ်ချင်းများ နေထိုင်စဉ်က သူတို့ကို ထိုနိုင်ငံရှိ ခရစ်ယာန်များက နွေးထွေးစွာ ကြိုဆိုခြင်းအတွက် သူတို့ အထူးသဖြင့် အံ့သြခံစားခဲ့ရသည်။ တစ်ကြိမ်တွင် သူတို့သည် ဘုရားကျောင်းမှ ဆင်းရဲနွမ်းပါးသော်လည်း ကလေးသူငယ်များကို ပြုစုစောင့်ရှောက်သည့် စုံတွဲတစ်တွဲထံသို့ အဝတ်အစားနှင့် အစားအသောက်များ သွားရောက်လှူဒါန်းသည်။ ထိုစုံတွဲက ၎င်းတို့ကို ဂုဏ်သရေရှိ ဧည့်သည်များကဲ့သို့ပင် ဧည့်ခံပြုစု ကြသည်။ သူငယ်ချင်းများက ထိုကဲ့သို့ အထူးတလည် မဆက်ဆံရန် ကန့်ကွက်သော်လည်း သူတို့က လက်ဖက်ရည်ချိုနှင့် စားစရာများဖြင့် အထူးဧည့်ခံ သည်။ သူတို့လက်ဆောင်ပြန်ပေးလိုက်သော ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များယူ၍ အိမ်အပြန်လမ်းတွင် သူတို့၏ ပျူငှာမှုကို တွေးပြီး ကြည်နူးမိကြသည်။
ဘုရားသခင်က သူ၏လူမျိုးတော် ဣသရေလလူ တို့အား ထိုကဲ့သို့ ဧည့်ဝတ်ပျူငှာစွာပြုကြရန် သွန်သင်ထားသည့်အတိုင်း ထိုယုံကြည်သူ များသည် သရုပ်ပေါ်လွင်အောင်…
အသက်ရှင်သောယဇ်
ကျွန်မ၏ဒေါ်လေးသည် စိတ်လှုပ်ရှားဖွယ် ကြော်ငြာလုပ်ငန်း၌ လုပ်ကိုင်သူဖြစ်ပြီး ချီကာဂိုနှင့် နယူးယောက်မြို့တော်သို့ ကူးချည်သန်းချည် သွားလာရသည်။ သို့သော် မိဘကို ချစ်ပြီးပြုစုစောင့်ရှောက်ရန်အတွက် အလုပ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ မိဘများက မင်နီဆိုးတားပြည်နယ်၌ နေထိုင်ပြီး အသက်အရွယ်အရ ပြုစုစောင့်ရှောက်ရန် လိုနေပြီဖြစ်သည်။ အစ်ကိုနှစ်ဦးက ငယ်ငယ်ရွယ်ရွယ်နှင့် အဖြစ်ဆိုးကြုံပြီး ဆုံးပါးသွားသဖြင့် ဒေါ်လေးမှာ ကျန်ကြွင်း သော တစ်ဦးသောသမီးဖြစ်သည်။ မိဘကို အစေခံပြုစုခြင်းက သူ၏ယုံကြည်ခြင်းကို ဖော်ပြခြင်းဖြစ်သည်။
ရောမရှိ ခရစ်ယာန်များအား တိုက်တွန်းအားပေးသော စာ၌ ရှင်ပေါလုက ယုံကြည်သူများအား ‘‘အသက်ရှင်သော၊ သန့်ရှင်းသော၊ ဘုရားသခင် နှစ်သက်တော်မူသောယဇ်ကို ပူဇော်ရန်’’ (ရော ၁၂း၁) ရေးသားခဲ့သည်။ ခရစ်တော်၏ ကိုယ်ကျိုးစွန့်ပူဇော်သည့်မေတ္တာကို ၎င်းတို့ အချင်းချင်းသို့ ဖြန့်ကျက်ရန် သူမျှော်လင့်သည်။ မိမိကိုယ်ကို ထင်သင့် သည်ထက် မထင်ရန်လည်း (း၃) ပြောကြားသည်။ အချင်းချင်းကြား စိတ်သဘောမတိုက်ဆိုင်မှုနှင့် ကွဲပြားမှုတို့…
အစဉ်အမြဲ ဘုရားသခင်၏သားသမီးပင်
ကျွန်မမိဘများနှင့်အတူ သွားရောက်ဝတ်ပြုသည့် အသင်းတော်တစ်ခုတွင် ပြုနေကျ ထုံးစံအတိုင်း သခင်ဘုရား၏ ပတ္ထနာတော်ဆုတောင်းချိန်တွင် အတူလက်တွဲထား ကြသည်။ ကျွန်မက အမေနှင့်အဖေ၏လက်ကို တစ်ဘက်တစ်ချက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းမှ ကျွန်မသည် အစဉ်အမြဲ သူတို့၏သမီးဖြစ်သည်ဟူသော အတွေးဝင်မိသည်။ ကျွန်မက သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်ငြားလည်း ကျွန်မကို ဦးလီယို၊ ဒေါ်ဖီလစ်တို့၏ ကလေးဟု ခေါ်၍ ရပါသည်။ အဖေအမေ တို့၏ကလေးသာမက ကျွန်မသည် ဘုရားသခင်၏သားသမီးအစဉ်အမြဲဖြစ်သည်ဟု ဆင်ခြင်မိပါတော့သည်။
တမန်တော်ရှင်ပေါလုက ရောမမြို့အသင်းတော်မှ လူများအား ၎င်းတို့သည် ဘုရားသခင်၏ မိသားစုဝင် အဖြစ် မွေးစားခံရခြင်းအပေါ် အခြေခံပြီး ၎င်းတို့၏ ဖြစ်တည်မှုကို နားလည်စေလိုသည် (ရော ၈း၁၅)။ ဝိညာဉ်တော်အားဖြင့် ဖြစ်တည်ခဲ့ခြင်းကြောင့် (း၁၄)၊ အရေးမပါသောအရာများ၏ကျွန်ပြုမှုကို ခံစရာ မလိုတော့ပါ။ ဝိညာဉ်တော်၏ဆုကျေးဇူးအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏အမွေခံ၊ ခရစ်တော်နှင့် ဆက်ဆံသော အမွေခံချင်းဖြစ်သည် (း၁၇)။
ခရစ်တော်နောက်တော်…
သတင်းတမန်
အစည်းအဝေးလာတက်သော အမျိုးသမီးတစ်ဦးက စာရွက်အချို့ကို လှမ်းပေးရင်း ‘‘ရှင့်အတွက် သတင်းတစ်ခုရှိတယ်’ဟု ပြောသည်။ ထိတ်လန့်ရမည်လား။ စိတ်လှုပ်ရှား ရမည်လား ဟု ကျွန်မတွေးမိသည်။ သို့သော် ဖွင့်ဖတ်လိုက်သောအခါ ‘‘ရှင် တူလေး တစ်ယောက်ရပြီ’’ ဟု ရေးသားထားသဖြင့် ကျွန်မဝမ်းမြောက်နိုင်ပါပြီ။
သတင်းဆိုသည်မှာ အကောင်းဖြစ်နိုင်သလို အဆိုးလည်း ဖြစ်နိုင်ပြီး စိန်ခေါ်သော စကားများလည်း ပါဝင် နိုင်သည်။ ဓမ္မဟောင်းတွင် ဘုရားသခင်၏ မျှော်လင့်ခြင်းနှင့် တရားစီရင်ခြင်းများ ပါဝင်သော သတင်းများပေးပို့ရန် သူ၏ ပရောဖက်များကို အသုံးပြုခဲ့သည်။ သို့သော် သေချာစွာ ကြည့်လျှင် ကိုယ်တော်၏တရားစီရင်သောစကားများက နောင်တရရန်၊ ကုစားရန်နှင့် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ကြောင်း တွေ့ရသည်။
မာလခိ ၃ တွင် သတင်းနှစ်မျိုးလုံးကို တွေ့ရပြီး သူ၏လမ်းကို ပြင်ဆင်ရန်အတွက် သတင်းတမန်တစ်ဦးကို စေလွှတ်မည်ဟု ဘုရားသခင် ကတိပေးထားသည်။ နှစ်ခြင်းဆရာ ယောဟန်သည် ဘုရားသခင်၏ကတိတော်များကို…
ခရစ်စမတ်ပေးစာ
ခရစ်စမတ်ရောက်တိုင်း ကျွန်မ၏မိတ်ဆွေတစ်ဦးသည် တစ်နှစ်တာလုံး၏ အဖြစ်အပျက် များကို ပြန်ပြောင်းဆန်းစစ်ချက်နှင့် အနာဂတ်နှင့်ပတ်သက်သော စိတ်ကူးအိပ်မက် အကြောင်းပါဝင်သည့် စာရှည်ကြီးတစ်စောင်ကို သူ့ဇနီးထံ ရေးလေ့ရှိသည်။ သူက ဇနီးသည်အား မည်ရွေ့မည်မျှချစ်ကြောင်း၊ အဘယ်ကြောင့်ချစ်ရကြောင်း အမြဲ ပြောလေ့ ရှိသည်။ သူ့သမီးအယောက်စီထံသို့လည်း စာရေးပေးသည်။ သူ၏ချစ်မေတ္တာစကားများက မေ့မရနိုင်သော ခရစ်စမတ် လက်ဆောင်ဖြစ်သည်။
လူဇာတိအဖြစ်ကိုခံယူသော နှုတ်ကပတ်တော် - ယေရှုသည် ခရစ်စမတ်၏မူလမေတ္တာပေးစာဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသမ္မာတရားကို ယောဟန်မှ မီးမောင်းထိုး ပြခဲ့သည်။ ‘‘အစအဦး၌ နှုတ်ကပတ်တော် ရှိတော်မူ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏’’ (ယော ၁း၁)။ ရှေးခေတ် အတွေးအခေါ်ဒဿန၌ ဂရိစကား နှုတ်ကပတ်တော် logos ဆိုသည်မှာ အမှန်တရားများကို ပေါင်းစည်းထားသည့် ဘုရားသခင်၏စိတ်နှလုံးတော် (သို့) အစီအစဉ်ဟု အဆိုပြုသည်။ သို့သော် ရှင်ယောဟန်က နှုတ်ကပတ်တော်ကို ‘‘အစအဦး၌…
ဝှက်ထားသည့် အမှုတော်
ကျောင်းလုပ်ငန်းပရောဂျက်ကြီးတစ်ခုက ကျွန်မအပေါ် ဝန်ပိလျက် သတ်မှတ်ထားသော ရက်တွင် ပြီးစီးနိုင်ပါ့မလားဟု ကျွန်မစိတ်ပူမိသည်။ ထိုသို့ သောကပွားလျက် အတွေးများနေချိန်တွင် ကျွန်မကို အားပေးတတ်သည့် မိတ်ဆွေများထံမှ အားပေးသည့် စာတိုသုံးခုကို လက်ခံရရှိသည်။ စာသုံးခုစလုံး၌ ‘‘တို့ဆုတောင်းနေတဲ့အချိန်မှာ ဘုရားသခင်က မင်းကို စိတ်ထဲပေါ်လာစေတယ်’’ ဟု ရေးသား ထားသည်။ မထိုက်တန်ပါဘဲလျက်၊ ဤမိတ်ဆွေများသည် ကျွန်မဘာဖြစ်နေသည်ကိုမသိဘဲလျက် ကျွန်မကို ဆက်သွယ် အားပေးကြခြင်းအတွက် ကျွန်မအားတက်သွားပြီး ဘုရားသခင်သည် ၎င်းတို့ကို သူ၏မေတ္တာကို ဆောင်ကြဉ်း ပေးလာသည့် စေတမန်များအဖြစ် သုံးခြင်းဖြစ်သည်ဟု ကျွန်မယုံကြည်ပါသည်။
ကောရိ နသုအသင်းတော်သို့ ရေးသားပေးပို့သည့်စာ၌ ရှင်ပေါလုက ဆုတောင်းခြင်း၏တန်ခိုးကို သိမှတ်ခဲ့သည်။ ‘‘ထိုဘုရားသခင်သည် ငါတို့ကို ... ကယ်လွှတ်တော်မူပြီ။ ... သင်တို့သည် ကူညီ၍ ငါတို့အဖို့ ဆုတောင်းလျှင် နောက်၌လည်း ကယ်လွှတ်တော်မူလတံ့’’ (၂ ကော ၁း၁၀-၁၁)။…
မြေခွေးဖမ်းခြင်း
ပင်လယ်ကမ်းခြေအနီးတွင်နေသော ကျွန်ုပ်၏မိတ်ဆွေတစ်ဦးနှင့် ဖုန်းပြောနေစဉ် ဖုန်းထဲမှ ပင်လယ်ရေလှိုင်းရိုက်ခတ်သံများကို ကြားရခြင်းက ကျွန်ုပ်၏စိတ်ကို ပျော်ရွှင်စေပါသည်။ သူ့အဖို့ ထိုအသံများသည် သူ့ကို နေ့စဉ်ခြိမ်းခြောက်နေသောအသံများဟု သူက ဆိုသည်။ လန်ဒန်မြို့၌ နေထိုင်သည့် ကျွန်ုပ်က မြေခွေးများကို မနှစ်သက်သကဲ့သို့ပင်ဖြစ်သည်။ မြေခွေးများကို ချစ်စဖွယ်တိရိစ္ဆာန်လို့ ကျွန်ုပ် မမြင်ဘဲ၊ ခြေဦး တည့်ရာ သွားပြီး နေရာတကာ အညစ်အကြေး စွန့်တတ်သည့် တိရိစ္ဆာန်ဟုသာ မြင်မိသည်။
မြေခွေးများအကြောင်းကို ရှောလုမုန်မင်းကြီး၏ ချစ်ခြင်းမေတ္တာအကြောင်း ရေးစပ်သီကုံးထားသည့်ကဗျာ၌ တွေ့ရသည်။ ယောက်ျားနှင့် မိန်းမကြားရှိ ချစ်ခြင်းမေတ္တာ (သို့) ဘုရားသခင်နှင့် လူကြားရှိ ချစ်ခြင်းမေတ္တာကို ဓမ္မဟောင်းကျမ်းမှ ရှောလုမုန်သီချင်းတွင် ဖွင့်ဆိုထားသည်။ သတို့သမီးသည် မြေခွေးငယ်လေးကို ဖမ်းပေးရန် သတို့သားကို တောင်းဆိုသည် (သီ ၂း၁၅)။ ဆာလောင် နေသည့် မြေခွေးများသည် နူးညံ့သည့်စပျစ်နွယ်ပင်များကို ဖျက်ဆီးလျက် စပျစ်နွယ်ပင်ရှိ စပျစ်သီးများကို…